စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
ဌာနတွင်း အရာထမ်းများလုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Posted on 09.09.2024
post image

နေပြည်တော်၊ စက်တင်ဘာ ၅ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဌာနတွင်းအရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၅-၉-၂၀၂၄ ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ ပါသည်။ သင်တန်းဆင်းပွဲသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၄၄) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို ၂၄-၆-၂၀၂၄ ရက်မှ ၂၁-၈-၂၀၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ထူးချွန်သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။                                                                                                                သတင်းစဉ် 


File Attachment :

Recent Posts

ဒုတိယဦးစီးမှူးရာထူး (၁၅)နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူစာရင်းနှင့် လူတွေ့စစ်ဆေးမည့်ရက် အသိပေးကြေညာခြင်း

Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO)တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေးကျင်းပ