Ministry of Planning and Finance

Financial Regulatory Department
ဌာနတွင်း အရာထမ်းများလုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Posted on 09.09.2024
post image

နေပြည်တော်၊ စက်တင်ဘာ ၅ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဌာနတွင်းအရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၅-၉-၂၀၂၄ ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ ပါသည်။ သင်တန်းဆင်းပွဲသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၄၄) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို ၂၄-၆-၂၀၂၄ ရက်မှ ၂၁-၈-၂၀၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ထူးချွန်သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းစဉ်



File Attachment :

Recent Posts

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေးကျင်းပ

ဌာနတွင်း အရာထမ်းများလုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၇၁၈ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1718's Sanction List