Financial Accounting and Financial Reports Interpretation သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Posted on 11.08.2023
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ် ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများရှိ အရာထမ်းများအား ဌာနမှ ကြီးကြပ်ကွပ်ကဲနေရသော ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများအား စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ စိစစ်နိုင်ရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရန်၊ ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ Assets၊ Liability Management ကောင်းမွန်မှု ရှိ/မရှိ ကြီးကြပ်နိုင်ရန်၊ ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ငွေကြေး စီးဆင်းမှုများအား မှန်ကန်စွာ ကြီးကြပ်စစ်ဆေးနိုင်ရန်အတွက် Financial Accounting and Financial Reports Interpretation (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (ကြာသပတေးနေ့)၊ (၁၇:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်၊ ရုံးချုပ် ဌာနမှူးများ၊ သင်တန်းနည်းပြဆရာ ဒေါက်တာဇော်ဝင်းသိန်း (Zaw Business School) နှင့် သင်တန်းသား/ သူ (၇၁) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။


File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး (၁၅) နေရာအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့်နေ့ရက်အား အသိပေးကြေညာခြင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူး (၁၅) နေရာအတွက် ဖြေဆိုခွင့်ရရှိသူများ အမည်စာရင်း