Financial Accounting and Financial Reports Interpretation သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Posted on 11.08.2023
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ် ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများရှိ အရာထမ်းများအား ဌာနမှ ကြီးကြပ်ကွပ်ကဲနေရသော ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများအား စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ စိစစ်နိုင်ရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရန်၊ ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ Assets၊ Liability Management ကောင်းမွန်မှု ရှိ/မရှိ ကြီးကြပ်နိုင်ရန်၊ ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ငွေကြေး စီးဆင်းမှုများအား မှန်ကန်စွာ ကြီးကြပ်စစ်ဆေးနိုင်ရန်အတွက် Financial Accounting and Financial Reports Interpretation (Online) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (ကြာသပတေးနေ့)၊ (၁၇:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်၊ ရုံးချုပ် ဌာနမှူးများ၊ သင်တန်းနည်းပြဆရာ ဒေါက်တာဇော်ဝင်းသိန်း (Zaw Business School) နှင့် သင်တန်းသား/ သူ (၇၁) ဦးတို့တက်ရောက်ခဲ့ကြပါသည်။
File Attachment :
Tags :
Recent Posts
ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသစ်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနားကျင်းပ