အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၈) ဖွဲ့နှင့် အာမခံကုမ္ပဏီ (၃) ခု၊ စုစုပေါင်း (၁၁) ဖွဲ့တို့အား AML/CFT ဆိုင်ရာ ကွင်းဆင်းစစ်ဆေး (On-Site Inspection) ဆောင်ရွက်ခြင်း
Posted on 14.09.2023
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်မှုရှိစေရေး၊ လူအများအပြား သေကြေစေသောလက်နက်များအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(WMD)နှင့် Proliferation Financing Risk Assessment and Targeted Financial Sanction (PF/TFS) ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (၈) ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အာမခံကုမ္ပဏီ (၃) ခု၊ စုစုပေါင်း သတင်းပို့အဖွဲ့အစည်း (၁၁) ဖွဲ့တို့အား ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ခံများ ဦးဆောင်၍ AML/CFT ဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း (On-Site Inspection) ကို ၂၁-၇-၂၀၂၃ ရက်နေ့မှ ၂၈-၂-၂၀၂၃ ရက်နေ့ထိ ဆောင်ရွက်ခဲ့ပါသည်။
File Attachment :
Recent Posts
ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသစ်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနားကျင်းပ