အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Posted on 29.06.2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက်(ပုံမှန်)အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့၊ မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ်(၃၄)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးစွာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အသက်အာမခံအမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရန်ကိစ္စ၊ ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ်အဖြစ် လျှောက်ထားလာသူများအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရေးကိစ္စရပ်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး၊ ဌာနတွင်း အာမခံကိုယ်စားလှယ် လေ့ကျင့်ရေးစင်တာ တည်ထောင်ခွင့်ပြုရေး၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရေး၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီတွင် ဆေးရုံတက်စရိတ်အကျိုးခံစားခွင့်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ၆ လ ထပ်ဆောင်းပေးအပ်ရေးနှင့် ရုံးခွဲသစ်ဖွင့်လှစ်ခွင့်ပြုရေးကိစ္စတို့ကို မှတ်တမ်းတင် အတည်ပြုခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင်
ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံ ကုမ္ပဏီ ၅ ခု၊
ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခု၊
ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ၆
ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုတို့မှ
အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံကုမ္ပဏီများမှ
အသက်နှင့် အထွေထွေအာမခံအမျိုးအစားပေါင်း ၄၀ ကျော်ကို
ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့်
အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့်
အထွေထွေအာမခံအမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ
စိစစ်ခွင့်ပြုပေးလျက်ရှိပြီး
မြန်မာ့အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
File Attachment :
Tags : # News and Announcements
Recent Posts
ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသစ်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနားကျင်းပ