Ministry of Planning and Finance

Financial Regulatory Department
ဌာနတွင်းလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Posted on 30.06.2023
post image

   နိုင်ငံတကာနှင့် ပြည်တွင်း ငွေရေးကြေးရေးကဏ္ဍဆိုင်ရာနှင့်  အာမခံလုပ်ငန်းများ၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများအား ထိရောက်စွာကြီးကြပ်စစ်ဆေးနိုင်သည့် ထူးချွန် ထက်မြက်၍ စည်းကမ်းကောင်းသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ရန် ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊  ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ ဒုတိယ ဦးစီးမှူးများအား ဌာနတွင်း  လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ၂၇-၂-၂၀၂၃ ရက်နေ့မှ ၂၉-၃-၂၀၂၃ ရက်နေ့ထိ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမတွင်  အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။  

    အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားအား ၄-၄-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၁၈) ဦး အပါအဝင် စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းသား/ သူများအား ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် မှ ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ပါသည်။

File Attachment :

Tags :

Recent Posts

လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၇၁၈ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1718's Sanction List

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1267's Sanction List

ဌာနတွင်း အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ