Ministry of Planning and Finance

Financial Regulatory Department
ဌာနတွင်းလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂)
Posted on 23.03.2023
post image

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ငွေရေးကြေးရေးကြီးကြပ် စစ်‌ဆေးရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် မီးလောင်မှုဖြစ်စေသည့် သဘောတရားများနှင့် မီးဘေးအန္တရာယ်ဖြစ်လာလျင် အချိန်မီ မီးငြိမ်းသတ်နိုင်ရေး နှင့် အရေးပေါ် တုံ့ပြန်နိုင်မည့် အစီအမံများကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာမျှဝေ ပေးသည့် အခမ်းအနားအား ၉-၁-၂၀၂၃ ရက်နေ့တွင် ရုံးအမှတ်(၃၄)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ငွေရေးကြေးရေးကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်နိုင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ စာတွေ့ ၊ လက်တွေ့သရုပ်ပြမှုများအား လေ့လာခဲ့ကြပါသည်။

Completed

File Attachment :

Tags : # AML/ CFT

Recent Posts

လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၇၁၈ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1718's Sanction List

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1267's Sanction List

ဌာနတွင်း အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ