ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန AML/CFT ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ
Posted on 14.09.2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်း၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့သို့ ပေးပို့ထားသည့် AML/CFT ဆိုင်ရာ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်နှင့် ဆောင်ရွက်မည့် အစီအမံအချိန်ဇယား (Time Line) များနှင့်အညီ ၂၀၂၃ ခုနှစ် ဩဂုတ်လ အတွက် AML/CFT ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် အာမခံကုမ္ပဏီ (၂၆) ခုအား ((Video Conferencing) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
File Attachment :
Tags :