စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနခွဲ
Posted on 28.06.2023
post image

၁၉၉၆ ခုနှစ်တွင် အာမခံလုပ်ငန်း   လုပ်ကိုင်ခွင့်ဉပဒေကို   ပြဌာန်းခဲ့ပြီး၊  ၁၉၉၇  ခုနှစ်တွင်   ယင်းဉပဒေအတွက်   နည်းဉပဒေကို   ဆက်လက်ထုတ်ပြန်ခဲ့သည်။  ၂၀၁၃ ခုနှစ်  မတိုင်ခင်က   မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းသာ လုပ်ကိုင်ခွင့် ရရှိခဲ့ပါ သည်။

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဉပဒေ၊ နည်းဉပေဒေများအရ နိုင်ငံသားရင်းနှီးမြှပ်နှံမှု စီးဝင်လာ စေရန်နှင့် အာမခံကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံသားပိုင်ကုမ္ပဏီ (၁၁) ခုအား ၂၀၁၃ ခုနှစ် မေလမှ စ၍လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ ပြည်သူများအာမခံအသိပညာ တိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ အာမခံအသင်းကို   ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ၉-၃-၂၀၂၁ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လအထိ  ပုံမှန် အစည်းအဝေးကို (၃၁) ကြိမ် တိတိ ကျင်းပပြီး ဖြစ်ပါသည်။

ထို့ပြင် အာမခံဈေးကွက်အတွင်း ပုဂ္ဂလိကကဏ္ဍအား ပိုမိုဝင်ရောက်လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ဆက်လက်အရှိန်မြှင့်နိုင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ပိုမိုစီးဝင်စေရန်အတွက် နိုင်ငံခြားအာမခံကုမ္ပဏီများအား  မြန်မာနိုင်ငံတွင်းဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် အာမခံလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်  ( Insurance  Sector  Liberalization  Plan)  နှင့်  လမ်းပြမြေပုံ  ( Roadmap) ကို ရေးဆွဲနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအာမခံလုပ်ငန်းကဏ္ဍသည် ကြီးမားသော အပြောင်း အလဲ၏ နိဒါန်းဖြစ်ပေါ်လာခဲ့ပါသည်။

လမ်းပြမြေပုံနှင့်အညီ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ တွင် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား အသက်အာမခံကုမ္ပဏီ (၅) ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃) ခုနှင့် ဖက်စပ်အထွေထွေ အာမခံ ကုမ္ပဏီ(၃) ခုတို့အား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ထပ်မံ၍ ၁၃-၁-၂၀၂၃ ရက်နေ့တွင် အသက်အာမခံ ကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခုတို့အား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ပေါင်း (၂၇) ခုတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာမခံဝယ်ယူသူ ပြည်သူလူထု များအား ဆန်းသစ်သော အာမခံအမျိုးအစား စုံလင်စွာရရှိနိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မတ်လအထိ အာမခံ အမျိုးအစားပေါင်း (၄၀) ခုကို ရောင်းချခွင့်ပြုခဲ့ပြီး နိုင်ငံခြား  ကိုယ်စားလှယ်ရုံး (၃၃) ရုံး နှင့် Adjusters & Surveyors ကုမ္ပဏီ (၄) ခုတို့ကို ခွင့်ပြုခဲ့သည်။

အာမခံကဏ္ဍအချိုးညီညီ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အာမခံကိုယ်စားလှယ်များအား အရည်အသွေးမြှင့်တင်ရန် သင်ရိုးညွှန်းတမ်းနှင့်အညီ ဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံ အာမခံ အသင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာမခံကိုယ်စားလှယ်ပေါင်း (၈၈၃၄) အား  လိုင်စင်ပေးအပ် ခဲ့ပြီး ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ် အဖွဲ့အစည်း (၃၂) ခု၊ ဌာနတွင်း ကိုယ်စားလှယ် လေ့ကျင့်ရေး စင်တာ (၂၂) ခုနှင့် အာမခံ ကိုယ်စားလှယ် အရည်အချင်းစစ်ဆေးသည့် စင်တာ(၁) ခုတို့ အား ဖွင့်လှစ် ရန် ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်၍ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊  Insurance Institute of India (III) တို့အကြား Designing  an  Academic and  Professional Building  Programme for Insurance Industry of Myanmar  ဆိုင်ရာ  နားလည်မှုစာချွန်လွှာ  (Memorandum  of  Understanding -  MoU)  ကို  ၁၉-၁၀-၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့ပြင် ထိုင်းနိုင်ငံ အာမခံကော်မရှင်ရုံး (Office of Insurance Commission - OIC) နှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့အကြား နည်းပညာအကူအညီပေးရေးနှင့် သတင်း အချက်အလက်များ ဖလှယ်နိုင်ရေးတို့အတွက် နားလည်မှုစာချွန်လွှာ MoU အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအာမခံဈေးကွက်အား  ပြောင်းလဲစေနိုင်သည့်   အခွင့်အလမ်းများနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုမိုရရှိစေနိုင်ခြင်း စသည်တို့အတွက် OECD Insurance Roundtable ဆွေးနွေးပွဲအား အိမ်ရှင်အဖြစ် နေပြည်တော်တွင် (၄-၃-၂၀၁၉ မှ ၅- ၃-၂၀၁၉ )တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာစံနှုန်း နှင့်အညီ ကြီးကြပ်နိုင်ရန်အတွက် အာဆီယံအာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးသူများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အလားအလာကောင်းသော အာမခံဈေးကွက်ခိုင်မာအားကောင်း စေရန်  22nd   ASEAN  Insurance  Regulators’  Meeting  နှင့်  45th  ASEAN Insurance Council

Meeting နှင့်ဆက်စပ်သည့် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ်  (၂၅-၁၁-၂၀၁၉ မှ ၂၉-၁၁-၂၀၁၉)  ရက်နေ့ ထိ   လက်ခံကျင်းပခဲ့ပါသည်။

File Attachment :

Tags :

Recent Posts

(၃၆) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းအဝေး ကျင်းပ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၊ လုပ်ငန်းဆောင်ရွက်မှု