စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO)တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း
Posted on 24.09.2024
post image

နေပြည်တော်၊ စက်တင်ဘာလ ၁၇ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ (Public Feedback Programme – PFP) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO) တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ အပြန်အလှန်ဆွေးနွေးရန် ကျင်းပသည့်အစည်းအဝေးအား ၁၇-၉-၂၀၂၄ ရက်နေ့၊ (၁၀:၃၀) အချိန်၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် Online စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အထက်မြန်မာပြည်/အောက်မြန်မာပြည်ကြီးကြပ်စစ်ဆေးရေးရုံးမှ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ DEO Account တာဝန်ခံများ တက် ရောက်ခဲ့ကြပါသည်။ သတင်းစဉ်

File Attachment :

Recent Posts

ဒုတိယဦးစီးမှူးရာထူး (၁၅)နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူစာရင်းနှင့် လူတွေ့စစ်ဆေးမည့်ရက် အသိပေးကြေညာခြင်း

Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO)တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေးကျင်းပ