အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Posted on 21.06.2024
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အပေါ်ထပ်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည်ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (ပဉ္စမ) အကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊(၂၀.၃.၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့သော MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)
အစည်းအဝေးဆုံးဖြတ်ချက်အရ ချေးငွေကိစ္စရပ်များတွင် ငွေသားအစား စက်ပစ္စည်းဖြင့်ထုတ်ချေးနိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန်အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှချေးငွေလျှောက်ထားလာသော MSME လုပ်ငန်းရှင်များအနက်သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းရှင်များကို ချေးငွေအမြန်ဆုံးထုတ်ချေးနိုင်ရန်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ (၆.၆.၂၀၂၄) ရက်နေ့အထိ MSMEအေဂျင်စီရုံးခွဲများသို့ လာရောက်လျှောက်ထားသော ချေးငွေအဆိုပြုလွှာ (၅၈) ခုရှိပြီး ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ စိစစ်လျက်ရှိကြောင်း၊ ချေးငွေအဆိုပြုလွှာများအနက်ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှစိစစ်ပြီးဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လုပ်ငန်းရှင် (၁၀) ဦးကို ချေးငွေခွင့်ပြုနိုင်ရေးကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးမှာဆွေးနွေးအတည်ပြုပေးကြရန်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ချေးငွေဆိုင်ရာကိစ္စရပ်၌ အချို့သောကိစ္စရပ်များအတွက် ငွေသားဖြင့်ချေးပေးခြင်းအစား အခြားလိုအပ်သော စက်ကိရိယာပစ္စည်းများ
ထုတ်ချေးနိုင်ရေးနှင့်ပတ်သက်ပြီး ရောင်းချသူသို့ တိုက်ရိုက်ပေးချေသည့်စနစ်၊ KfW ချေးငွေကဲ့သို့ လုပ်ငန်းရှင်၏ရွေးချယ်မှုဖြင့် ဝယ်ယူသောစက်ပစ္စည်းအပေါ်ဘဏ်မှချေးငွေဖြင့် ပေးချေသောနည်းလမ်းတို့ကို ဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ ကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌက MSME လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ MSME များလိုအပ်သော ငွေကြေးအရင်းအနှီးများကိုလုပ်ထုံးလုပ်နည်း နှင့်အညီ MSME ရန်ပုံငွေမှ ထုတ်ချေးနိုင်ရန်အတွက် ဆောင်ရွက်ရန်နှင့် MSME အေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်း၍ MSME ချေးငွေများ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့သည်။

File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3