စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
၁၆-၁၁-၂၀၂၃ ရက်နေ့မှ ၂၇-၁၁-၂၀၂၃ ရက်နေ့ထိအသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၉) ဖွဲ့နှင့် အာမခံကုမ္ပဏီ (၂) ခု၊ စုစုပေါင်း (၁၁) ဖွဲ့တို့အား AML/CFT ဆိုင်ရာ ကွင်းဆင်းစစ်ဆေး (On-Site Inspection) ဆောင်ရွက်ခြင်း
Posted on 27.12.2023
post image

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်မှုရှိစေရေး၊ လူအများအပြား သေကြေစေသောလက်နက်များအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(WMD)နှင့် Proliferation Financing Risk Assessment and Targeted Financial Sanction  (PF/TFS) ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း (၉) ဖွဲ့နှင့် အာမခံကုမ္ပဏီ (၂) ဖွဲ့၊ စုစုပေါင်း (၁၁) ဖွဲ့တို့အား Video Conferencing စနစ်ဖြင့်လည်းကောင်း၊ In Person စနစ်ဖြင့်လည်းကောင်း ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ  တာဝန်ခံများ ဦးဆောင်၍ AML/CFT ဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း      (On-Site Inspection) ကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှ ၂၇-၁၁-၂၀၂၃ ရက်နေ့ထိ ဆောင်ရွက်ခဲ့ပါသည်။

File Attachment : Download

Tags :

Recent Posts

လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၇၁၈ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1718's Sanction List

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက်များ unscr 1267's Sanction List

ဌာနတွင်း အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ