အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေးကျင်းပ
Posted on 11.09.2024
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည် အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအာမခံဈေးကွက်၌ နိုင်ငံသားပိုင်၊ နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်၊ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ပိုင်အာမခံကုမ္ပဏီ များကို ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားပြီး အာမခံအမျိုးအစားစုံလင်စွာ လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားပြီးဖြစ်၍ ဈေးကွက်တွင် ယှဉ်ပြိုင်လုပ်ဆောင်နေကြပြီဖြစ်ရာ အာမခံကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အာဆီယံအာမခံဈေးကွက်နှင့် ရင်ပေါင်တန်းနိုင်သည့် အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ် လိုက်ပါနိုင်အောင်ဆောင်ရွက်ရေး၊ ပြည်သူပြည်သားများအတွက် လုံခြုံစိတ်ချရသည့် အာမခံအကာအကွယ် ပိုမိုရရှိလာစေရေးအတွက် အာမခံအမျိုးအစားသစ်များကို တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုရေးနှင့် မြန်မာနိုင်ငံ အာမခံဈေးကွက်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုစေရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြား ပါသည်။ ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက (၃၆) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်နှင့်အထွေထွေ အာမခံအမျိုးအစားသစ်များ လျှောက်ထားလာခြင်းကိစ္စ၊ အာမခံကုမ္ပဏီများ လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်များ ထုတ်ပြန် ရေးကိစ္စ၊ Adjusters and Surveyors License လျှောက်ထားခြင်းကိစ္စ၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်လျှောက်ထားခြင်းကိစ္စ၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ်လိုင်စင် များ ထုတ်ပေးရေးကိစ္စ၊ အာမခံကိုယ်စားလှယ်သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုခြင်းကိစ္စများကို တင်ပြရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပြီးအတည်ပြုကြသည်။ အစည်းအဝေးတွင် နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ပိတ်သိမ်းခွင့်ပြုရန်ကိစ္စ၊ ဒါရိုက်တာ ခန့်အပ်ခွင့်ပြုခြင်းကိစ္စ၊ Certifying Actuary ပြောင်းလဲခန့်အပ်ခွင့်ပြုခြင်းကိစ္စ၊ မြန်မာနိုင်ငံအာမခံ အသင်း အာမခံကိုယ်စားလှယ် Database (MIA Agent Database) အသုံးပြုခွင့်အားခွင့်ပြုခဲ့ခြင်း ကိစ္စ၊ အာမခံကုမ္ပဏီရုံးခွဲသစ် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းနှင့် ရုံးခွဲပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းတို့ကို အတွင်းရေးမှူးက မှတ်တမ်းတင်ပေးပါရန်တင်ပြရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးကြပြီး မှတ်တမ်းတင်အတည်ပြုကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်ဆွေးနွေးမှာကြားသည်။ ၂ မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခု၊ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်းအာမခံ ကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၂၃ ခု၊ ကော်ပိုရိတ် အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၃၂ ခုနှင့် လျော်ကြေးညှိနှိုင်း တွက်ချက်သည့် ကုမ္ပဏီလေးခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီ များမှ အသက်နှင့်အထွေထွေအာမခံအမျိုးအစား ၅၉ မျိုးကို မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်
File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3