Ministry of Planning and Finance

Financial Regulatory Department
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Posted on 12.01.2024
announcement image

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀() တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်ပါသည်။ အဆိုပါ ရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

၂။       MSME ချေးငွေများ ထုတ်ချေးရာတွင် အောက်ဖော်ပြပါလုပ်ငန်းများအား ဦးစားပေးအနေဖြင့် ထုတ်ချေးမည် ဖြစ်ပါသည်-

          (က) တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊

          ()   နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊    

          ()   ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ထုတ်လုပ်သောလုပ်ငန်းများ၊

          () သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊

          ()   ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊

          ()   စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊

          () လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ် ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊

          ()    ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများ၊

File Attachment : Download

Recent Posts

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

မြန်မာနိုင်ငံတွင်အားလုံးပါဝင်ဆောင်ရွက်နိုင်သောငွေရေးကြေးရေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ

Insurance Companies Address