ဌာနတွင်းလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Posted on 30.06.2023
နိုင်ငံတကာနှင့် ပြည်တွင်း ငွေရေးကြေးရေးကဏ္ဍဆိုင်ရာနှင့် အာမခံလုပ်ငန်းများ၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများအား ထိရောက်စွာကြီးကြပ်စစ်ဆေးနိုင်သည့် ထူးချွန် ထက်မြက်၍ စည်းကမ်းကောင်းသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ရန် ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ ဒုတိယ ဦးစီးမှူးများအား ဌာနတွင်း လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ၂၇-၂-၂၀၂၃ ရက်နေ့မှ ၂၉-၃-၂၀၂၃ ရက်နေ့ထိ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားအား ၄-၄-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၁၈) ဦး အပါအဝင် စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းသား/ သူများအား ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် မှ ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ပါသည်။
File Attachment :
Tags :
Recent Posts
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၊ လုပ်ငန်းဆောင်ရွက်မှု
ကုလသမဂ္ဂလုံခြုံရေးကောင်စီး၏အရေးယူပိတ်ဆို့မှု (Sanction)အောက်ရှိ ကော်မတီများမှ ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်အတွက် ဆုံးဖြတ်ချက်အမှတ်များ