စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ဖွဲ့စည်းပုံ

·         ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၃-၅-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၂၅/၁၆၈/ပထဖ(၃/၂၀၂၂) အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

·         ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအင်အားမှာ အရာထမ်း ၂၂၉ ဦး၊ အမှုထမ်း ၄၂၀ ဦး၊ စုစုပေါင်း ၆၄၉ ဦးဖြစ်ပါသည်။ ရုံးချုပ်ဌာနခွဲ(၅)ခု၊ အထက်မြန်မာပြည်/ အောက်မြန်မာ ပြည်ကြီးကြပ်စစ်ဆေးရေးရုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒေသကြီးနှင့် ပြည်နယ် (၁၅) ရုံးဖြင့် ဖွဲ့စည်း ခဲ့ပါသည်။