ရွေ့ပြောင်းနိုင်သောပစ္စည်းကိုအာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (တတိယမူကြမ်း) Secured Transactions Law (3rd Draft) နှင့်စပ်လျဉ်း၍

Stakeholder များအားလုံးပါဝင်သည့် Consultation Meeting  နှင့်မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် ချေးငွေရရှိသည့်

ချေးငွေေဈေးကွက် ပေါ်ပေါက်လာစေရန် အသိပညာဖြန့်ဝေသည့် တတိယအကြိမ် Conference  ကျင်းပခြင်း

ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုအာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (တတိယမူကြမ်း) Secured Transactions Law (3rd Draft) နှင့်

စပ်လျဉ်း၍ Stakeholder များအားလုံးပါဝင်သည့် Consultation Meeting ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ

ရန်ကုန်မြို့ Sule Shangri-La Hotel ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ မွန်းလွဲ (၁၃:၃၀) နာရီ တွင်

ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက

အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်က

Secured Transactions Law ပါ ရည်ရွယ်ချက်များအရ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများဖြင့်

ချေးငွေထုတ်ချေးနိုင်မည့် ခေတ်မီချေးငွေ‌ဈေးကွက် တစ်ရပ် ပေါ်ပေါက်လာရေး၊ စီးပွားရေးလုပ်ငန်းများ၊

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ၏

ချေးငွေရရှိနိုင်မှု (Access to Finance) တိုးတက်ရေး ၊ အပေါင်ပစ္စည်း များ အထူးသဖြင့်

ရွှေ့ပြောင်းနိုင်သောပစ္စည်းများအား မှတ်ပုံတင်ထားခြင်းဖြင့် အာမခံအကျိုး ခံစားခွင့် (security Interest) တို့ကို

ဥပဒေကြောင်းအရ ခိုင်မာစေရေး၊ အပေါင်ပစ္စည်း ရပိုင်ခွင့် နှင့်စပ်လျဉ်း၍ ဖြစ်ပွားနိုင်သည့်အငြင်းပွားမှုများကို

ဤဥပဒေအရ ထိရောက်မြန်ဆန်စွာ ဖြေရှင်းနိုင် စေရေးတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့အပြင် ST Law ၏ အဓိကအကြောင်းအရာများဖြစ်သည့် ငွေ‌ချေးယူသူ/ငွေရယူသူများအကြား

မြေနှင့် အဆောက်အဦမဟုတ်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုအပေါင်ထားခြင်းဖြင့်

ငွေချေးသူ (မြီရှင်)များအနေဖြင့် အာမခံအကျိုး ခံစားခွင့် ရှိစေရန်ဆောင်ရွက်ခြင်း၊ အာမခံအကျိုး ခံစားခွင့်ကို

ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများမှတ်ပုံတင်ခြင်း ဦးစားပေးအဆင့် သတ်မှတ်ခြင်းနှင့်

အာမခံအကျိုးခံစားခွင့်ကို ဥပဒေသက်ရောက်စေခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး‌နောက်

အခမ်းအနားကို ညနေ (၁၆:၄၅) နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

သတင်းများ