မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် ချေးငွေရရှိသည့် ချေးငွေေဈေးကွက် ပေါ်ပေါက်လာစေရန် အသိပညာဖြန့်ဝေသည့်

တတိယအကြိမ် Conference  ကျင်းပခြင်း

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့၌ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ အပေါ် ချေးငွေရယူနိုင်သည့်

ချေးငွေဈေးကွက်ပေါ်ပေါက်လာစေရေးအတွက်  အသိပညာ ဖြန့်ဝေ သည့် တတိယအကြိမ် Conference အား

Sule Shangri-la Hotel ၌ ဆက်လက် ကျင်းပခဲ့ပါသည်။ Conference တွင် ပြည်တွင်းနှင့် နိုင်ငံတကာမှငွေရေးကြေးရေးနှင့်

ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ များက ချေးငွေထုတ်ချေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေခံ

သဘောတရားနှင့် လက်တွေ့ လုပ်ငန်းများ၊နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများတွင် အပေါင်အဖြစ် အသုံးပြုထားသည့်

ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို မှတ်ပုံတင်သည့်စနစ်၊ ဘဏ်လုပ်ငန်းကဏ္ဍတွင် ရွှေ့ပြောင်း နိုင်သောပစ္စည်းများ

(ဥပမာ Receivable Finance နှင့် Inventory Finance စသည့်လုပ်ငန်းများ)နှင့် ပတ်သက်သည့် အသိပညာနှင့်

လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြပြီး လုပ်ငန်း နယ်ပယ် အသီးသီးမှ တက်ရောက်လာသူများက  

ပါဝင်ဆွေးနွေး မေးမြန်းချက်များအပေါ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ Conference သို့ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ဥပဒေ ပညာရှင်များ၊

အစိုးရအဖွဲ့အစည်းများမှ အရာထမ်းများ၊  နိုင်ငံပိုင်ဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ

ကူညီရေးအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ ဘဏ်မဟုတ်သောငွေရေးကြေးရေးကုမ္ပဏီများ၊ကမ္ဘာ့ဘဏ်အုပ်စု ၊

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းမှတာဝန်ရှိသူများနှင့်ဥပဒေပညာရှင်များ၊

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ

ကိုယ်စားလှယ် စုစုပေါင်း (၁၅၀) ဦး ခန့် တက်ရောက်ခဲ့ကြပြီး တတိယအကြိမ်  Conference ကို

ညနေ (၁၇:၀၀) နာရီ တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

သတင်းများ