နိဒါန်း

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ၁-၉-၂၀၁၄ ရက်နေ့မှ စ၍ ဦးစီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သောဌာနဖြစ်ပါသည်။ ဌာန၏လုပ်ငန်းများအနက် မူလက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်မှ အသေးစား ပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖြင့် ချေးငွေလုပ်ငန်း ဆောင်ရွက် ခြင်းအပေါ် ကြီးကြပ်ကွပ်ကဲမှုပြုလုပ်ခဲ့ပါသည်။ ဌာန၏ ပြောင်းလဲဖွဲ့စည်းမှုအရ အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်းအပြင် အာမခံလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း၊ နိုင်ငံပိုင် ဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် အောင်ဘာလေထီလုပ်ငန်းဆိုင်ရာ ကြီးကြပ် စစ်ဆေး ခြင်းစသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ

၁။      ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ မဏ္ဍိုင် () သာယာဝပြောမှုနှင့်  ပူးပေါင်း ဆောင်ရွက်မှု၊ ပန်းတိုင်() အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေး၊ မဟာဗျူဟာ ၃.၅ ဖြစ်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီ လာရေးနှင့် ဘဏ္ဍာရေးစနစ် အားကောင်းခိုင်မာရေးအတွက် လုပ်ငန်းစဉ်များအား ဆောင်ရွက်နေ ပါသည်။ မဟာဗျူဟာ ၃..၇ နှင့် ၂.၁.၁၀ တို့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်း တိုက်ဖျက်နိုင်သည့် ငွေရေး ကြေးရေးစနစ် အားကောင်း ခိုင်မာစေရန်နှင့် ဟွန်ဒီနှင့် အလားတူ တရားမဝင်ငွေလွှဲပြောင်း ခြင်းစနစ်များကို ပုံစံတကျပြုလုပ်ရန်ဟူသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် (၂၀) ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။

မူဝါဒ

၂။       မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍဖြစ်ပေါ်ရေး၊ ငွေရေးကြေးရေး အဖွဲ့အစည်းများလုပ်ငန်းဆောင်ရွက်မှု မှန်ကန်စေရေး၊ ပြည်သူများတွင် ဘဏ္ဍာရေးဆိုင်ရာ အသိ ပညာရရှိရေးနှင့် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုရေး ဆောင်ရွက်သွားရန်။

ရည်မှန်းချက်

၃။      (က)   မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ခြင်းကို           ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း   များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊အလှူရှင်များ၊ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊      ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊

          (ခ )    နိုင်ငံပိုင်ဘဏ်များ စွမ်းဆောင်ရည် မြင့်မားစွာနှင့် ဝန်ဆောင်မှုမျိုးစုံပေးနိုင်ရေး ကြပ်မတ်                   စစ်ဆေးဆောင်ရွက်ရန်နှင့်  အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား             ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အစိုးရ၏ အောင်ဘာလေ                  ထီလုပ်ငန်းကြီးကြပ်ကွပ်ကဲရေးအား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်                  ရန်၊

          (ဂ )    အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ တရားဝင် အဖွဲ့အစည်းများ                   ဖြစ်စေရေးနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်နိုင်                     ရေးအတွက် ကြီးကြပ်စစ်ဆေးရန်၊

(ဃ)    ပြည်တွင်း၊ ပြည်ပအာမခံလုပ်ငန်းများနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ၏                   ဝင်ငွေစီးဆင်းမှုသည် သန့်ရှင်းသော ငွေကြေးစီးဆင်းမှု ဖြစ်စေရေးကြီးကြပ်ရန်။

လုပ်ငန်းတာဝန်များ

၄။      (က)    ဝန်ထမ်းများ၏စွမ်းရည်ဖွံ့ဖြိုးမှုရှိစေရန်၊

(ခ )    Financial    Inclusion  Roadmap နှင့် Financial Literacy တို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ဂ )    အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီလုပ်ငန်းဆောင်ရွက်မှုအပေါ် ကြီးကြပ် စစ်ဆေးရန်၊

(ဃ)    ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများ ငွေကြေးအသိပညာရရှိရေး (Financial Literacy) ဦးစားပေးဆောင်ရွက်ရန်၊

(င )    အသေးစားငွေရေးကြေးရေးလုပ်ငန်းများနှင့်အာမခံလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းကို တိုက်ဖျက်ရန် အတွက် ဆက်သွယ်ဆောင်ရွက်သူများအကြား သတင်းပို့ခြင်း၊ သတင်းပေးစေခြင်း၊ အသိပညာမျှဝေခြင်းတို့ကို ဆောင်ရွက်ရန်၊

(စ )    ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အာမခံလုပ်ငန်းများနှင့် ကြီးကြပ်ကွပ်ကဲသူများ အကြား Management Information System (MIS) သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊

(ဆ)    ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းကို တိုက်ဖျက်ရန် အတွက် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများ သင်ယူခြင်းနှင့်ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ရန်၊

(ဇ )    အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့်အာမခံလုပ်ငန်းများအပေါ် AML/CFT ဆိုင်ရာ ဆောင်ရွက်မှုအခြေအနေအား ရုံးတွင်းစစ်ဆေးကြီးကြပ်မှုနှင့် ကွင်းဆင်းစစ်ဆေး ကြီးကြပ်မှုပြုလုပ်ရန်၊

(ဈ )    နိုင်ငံပိုင်ဘဏ် ပြုပြင်ပြောင်းလဲရေး၊ အောင်ဘာလေထီလုပ်ငန်း ကြီးကြပ်ရေး ဆောင်ရွက်ရန်။