31
Mar

အာမခံကိုယ်စားလှယ်များလိုက်နာရန်စည်းကမ်းချက်များ

နိဒါန်း
၁။ အာမခံကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးမြင့်မားခြင်းသည် အာမခံ လုပ်ငန်းကဏ္ဍ တိုးတက်ရေးနှင့် အာမခံဝန်ဆောင်မှု ကောင်းသတင်း အပေါ်များစွာ အကျိုး သက်ရောက်စေပါသည်။ သို့ဖြစ်ရာ အာမခံ ကိုယ်စားလှယ်များ စနစ်တကျ ခန့်အပ်နိုင်ရေးနှင့် အရည်အသွေးမြင့်မားရေးတို့အတွက်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သည် အာမခံကိုယ်စားလှယ် များ လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်။
ကိုယ်စားလှယ်ခန့်ထားခြင်း
၂။ ပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသည့်ကုမ္ပဏီ (သို့မဟုတ်) အသင်း (သို့မဟုတ်) အဖွဲ့အစည်း (အစိုးရအဖွဲ့အစည်းများ၏ ဝန်ထမ်းသက်သာချောင်ချိရေး အဖွဲ့များ အပါအဝင်) ကိုဖြစ်စေ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က သင့်လျော်သည်ဟု ယူဆပါက အာမခံ ကိုယ်စားလှယ် ခန့်ထားမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်လျှောက်ထားရန်သတ်မှတ်ချက်များ
၃။ အောက်ပါသတ်မှတ်ချက်များဖြင့်ညီညွတ်လျှင်ကိုယ်စားလှယ်လျှောက်ထားနိုင်သည်-
(က) ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်သတ်မှတ်ချက်-
(၁) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) အသက်(၂၀) နှစ်နှင့်အထက်ရှိသူဖြစ်ရမည်။
(၃) ပညာအရည်အချင်းအနေဖြင့်အနိမ့်ဆုံးဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(အထူးသင့်လျော်သူဖြစ်ပါက ပညာအရည်အချင်း သတ်မှတ်ချက်ကိုလျော့ပေါ့
စဉ်းစားမည်။)
(၄) ရာဇဝတ်မှုကင်းရှင်းပြီးအကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
(၅) သင်တန်းသားများ၏ နေထိုင်၊ သွားလာ၊ စားသောက်မှုကိစ္စများကို မိမိ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပါ သည်။
(၆) သင်တန်းတက်ရောက်မည့် သင်တန်းသား တစ်ဦးစီအတွက် လိုအပ်သော စာရေးကိရိယာများနှင့် အထောက်အပံ့ပစ္စည်းများကို သင်တန်းသားများက ထောက်ပံ့ပေးရမည် ဖြစ်ပါသည်။
၂
(ထောက်ပံ့ပေးရမည့်ငွေနှင့် သင်တန်းကြေးကို သင်တန်းတက်ရန် သတင်းပို့ သည့်အခါ တစ်ပါတည်း ပေးသွင်းရမည် ဖြစ်ပါသည်။)
(ခ) မှတ်ပုံတင်ထားသည့်ကုမ္ပဏီ/အသင်း/ အဖွဲ့အစည်းအတွက်သတ်မှတ်ချက်-
(၁) မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းဖြစ်ရမည်။
(၂) လုပ်ငန်းအမှန်တကယ် လည်ပတ်ဆောင်ရွက်နေသော ကုမ္ပဏီ/အသင်း/ အဖွဲ့ အစည်း ဖြစ်ရမည်။
(၃) ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းတွင် အာမခံကိုယ်စားလှယ် လုပ်ငန်းလက်တွေ့ လုပ်မည့်ပုဂ္ဂိုလ်(၃) ဦးထက်မနည်းရှိရမည်။ အဆိုပါ ပုဂ္ဂိုလ်တို့သည်အထက် ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်သတ်မှတ်ချက်များနှင့်ညီညွတ်ရမည်။
(၄) သင်တန်းသားများ၏ နေထိုင်၊ သွားလာ၊ စားသောက်မှုကိစ္စများကို မိမိဌာန၊ အဖွဲ့အစည်းများ (သို့မဟုတ်) မိမိ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(၅) သင်တန်းတက်ရောက်မည့် သင်တန်းသားတစ်ဦးစီအတွက် လိုအပ်သော စာရေးကိရိယာများနှင့် အထောက်အပံ့ပစ္စည်းများကို သက်ဆိုင်ရာ အဖွဲ့ အစည်းများက ထောက်ပံ့ပေးရမည် ဖြစ်ပါသည်။ (ထောက်ပံ့ပေးရမည့်ငွေနှင့် သင်တန်းကြေးကို သင်တန်းတက်ရန် သတင်းပို့သည့်အခါ တစ်ပါတည်း ပေးသွင်းရမည် ဖြစ်ပါသည်။)
ကိုယ်စားလှယ်လျှောက်ထားမှု
၄။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ထံသို့ အောက်ပါ လိုအပ်ချက်များနှင့်အတူ လျှောက်ထားရမည်-
(က) ပုဂ္ဂိုလ်တစ်ဦးချင်းကလျှောက်ထားလျှင် -
(၁) လျှောက်ထားသူကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့်လျှောက်လွှာ
(၂) ပြည့်စုံစွာဖြည့်စွက်ထားသောပုဂ္ဂိုလ်တစ်ဦးချင်းအတွက်သတ်မှတ်ပုံစံ
(၃) နိုင်ငံသားစိစစ်ရေးကဒ်ပြားဓါတ်ပုံမိတ္တူ (မူရင်းကိုစစ်ဆေးမည်)
(၄) ပညာအရည်အချင်းအောင်လက်မှတ်/ဘွဲ့လက်မှတ်ဓါတ်ပုံမိတ္တူ (မူရင်းကိုစစ်ဆေးမည်)
(၅) ရာဇဝတ်မှုကင်းရှင်းပြီး အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ထောက်ခံချက်မူရင်း
(၆) ဓါတ်ပုံ (၂) ပုံ
(၇) အခြားအထောက်အထားများ
၃
(ခ) အဖွဲ့အစည်းကလျှောက်ထားလျှင်-
(၁) ကုမ္ပဏီ/ အသင်း/ အဖွဲ့အစည်း တာဝန်ခံလက်မှတ် ရေးထိုးထားသည့်လျှောက်လွှာ
(၂) ပြည့်စုံစွာဖြည့်စွက်ထားသည့် ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းအတွက် သတ်မှတ် ပုံစံများ
(၃) ကုမ္ပဏီ/အသင်း/ အဖွဲ့အစည်းတွင် အာမခံကိုယ်စားလှယ်လုပ်ငန်း ဆောင်ရွက်ကြ မည့် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အထက်ပါ လိုအပ်ချက်များ
(၄) ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းအဖြစ် တရားဝင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်/ လိုင်စင်ဓါတ်ပုံမိတ္တူ (မူရင်းကိုစစ်ဆေးမည်)
(၅) ကုမ္ပဏီ/အဖွဲ့အစည်း၏ သင်းဖွဲ့စည်းမျဉ်းများ ဓါတ်ပုံမိတ္တူ (မူရင်းကို စစ်ဆေး မည်။)
ကိုယ်စားလှယ်များစီစစ်ရွေးချယ်ခြင်း
၅။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဖွဲ့စည်းထားသည့် ကိုယ်စားလှယ် စီစစ်ရွေးချယ်ရေး အဖွဲ့သည် ကိုယ်စားလှယ်အဖြစ် လျှောက်ထားသော ပုဂ္ဂိုလ်/ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းကို အောက်ပါ အစီအစဉ်အတိုင်း စီစစ်ရွေးချယ်မည်-
(က) ကိုယ်စားလှယ်လျှောက်ထားသော ပုဂ္ဂိုလ်/ ကုမ္ပဏီ/ အသင်း/ အဖွဲ့အစည်းများကို လူတွေ့စစ်ဆေးခြင်း
(ခ ) လူတွေ့စစ်ဆေးမှုအောင်မြင်သူများကိုစာတွေ့၊လက်တွေ့သင်တန်းပို့ချခြင်း
(ဂ ) သင့်လျော်သောပုဂ္ဂိုလ်/ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းကိုကိုယ်စားလှယ်ခန့်ထားခြင်း
ကိုယ်စားလှယ်ခန့်ထားခြင်း
၆။ သတ်မှတ်သည့် ကိုယ်စားလှယ်သင်တန်း ကိုစည်းကမ်းနှင့်အညီ တက်ရောက် အောင်မြင် သည့် ပုဂ္ဂိုလ်/ကုမ္ပဏီ/အသင်း/အဖွဲ့အစည်းများကို အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ စီစစ်၍ ကိုယ်စားလှယ် မှတ်ပုံတင် ထုတ်ပေးမည်-
(က) ကိုယ်စားလှယ်မှတ်ပုံတင်၏သက်တမ်းကို (၁၂) လသတ်မှတ်မည်။
(ခ ) ကိုယ်စားလှယ်မှတ်ပုံတင်သက်တမ်းအတွင်းသာလုပ်ငန်းဆောင်ရွက်ခွင့်ရှိသည်။
(ဂ) ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စည်းကမ်းလိုက်နာမှု အခြေအနေကို ပြန်လည်စီစစ်ပြီးမှ ကိုယ်စားလှယ် မှတ်ပုံတင် သက်တမ်းတိုးပေးမည် ဖြစ်၍ သက်တမ်းမကုန်မီ (၂) လကြိုတင်၍ ကိုယ်စားလှယ် မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားရမည်။ Corporate Agent များအတွက်သီးခြား Corporate နံပါတ် ပေးပြီးခန့်ထားမည်။ Bancassurance လုပ်ငန်းများအတွက် Bank Agent များကို သီးခြားနံပါတ်ဖြင့် ခန့်ထားမည် ဖြစ်ပါသည်။
၄
ကိုယ်စားလှယ်လုပ်ဆောင်ခွင့်ရှိသည့်အာမခံအမျိုးအစားများ
၇။ ကိုယ်စားလှယ်သည် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ခွင့်ပြုထားသည့် အာမခံ အမျိုး အစားအတွက် အာမခံထားရှိရေးကို စည်းရုံးဆောင်ရွက်နိုင်သည်။
ကော်မရှင်ခံစားခွင့်
၈။ ကိုယ်စားလှယ်သည် မိမိဆောင်ရွက်ပေးသည့် အာမခံပေါ်လစီအတွက် ပေးသွင်းသည့် ပရီမီယံအပေါ် သတ်မှတ်ကော်မရှင်နှုန်းဖြင့် ကော်မရှင်ခံစားခွင့်ရှိသည်။
၉။ ကိုယ်စားလှယ်သည် မိမိခံစားခွင့်ရှိ ကော်မရှင်ကို မိမိသဘောဖြင့် ပရီမီယံမှ နှုတ်ဖြတ်ခွင့် မရှိပါ။ ကော်မရှင်ကို အာမခံအလုပ်လက်ခံသူက ထုတ်ပေးရပါမည်။
၁၀။ ကိုယ်စားလှယ်သည်ရရန်ရှိသည့် ကော်မရှင်များကို သတ်မှတ်ပုံစံဖြင့် လအလိုက် တောင်းခံ ရမည်။
၁၁။ ကော်မရှင် တောင်းခံရမည့်ကာလကို (၁၂) လ သတ်မှတ်သည်။ ကိုယ်စားလှယ် ဆောင်ရွက် ပေးသည့် အာမခံပေါ်လစီအတွက် ပရီမီယံပေးသွင်းသည့်နေ့မှ (၁၂) လ အတွင်း ရရန်ရှိသည့် ကော်မရှင်ကို တောင်းခံရန်ဖြစ်သည်။ (၁၂) လ အတွင်း မတောင်းခံသည့် ကော်မရှင်များကို ခံစားခွင့် ရုတ်သိမ်းပြီးဟု မှတ်ယူရမည်။
၁၂။ အာမခံပေါ်လစီတစ်ခု အတွက် ပရီမီယံပြန်အမ်းရန် ကိစ္စပေါ်ပေါက်လျှင် ယင်းပရီမီယံအပေါ် တွက်ချက်သည့် ကော်မရှင်မှလည်း အချိုးကျ ပြန်အမ်းရမည်။ ကိုယ်စားလှယ်မှ ကော်မရှင် ထုတ်ယူပြီးဖြစ်လျှင် အာမခံအလုပ်လက်ခံသူသို့ အချိုးကျ ပြန်သွင်းရမည်။
ကိုယ်စားလှယ်လုပ်ဆောင်ခွင့်မရှိသည့်အာမခံအမျိုးအစားများ
၁၃။ အောက်ဖော်ပြပါအာမခံအမျိုးအစားများကိုကိုယ်စားလှယ်လုပ်ဆောင်ခွင့်မပြုပါ-
(က) ၁၉၉၃ခုနှစ်၊ မြန်မာ့အာမခံဥပဒေ၊ အခန်း (၆)၊ အပိုဒ် (၁၃) အရ အစိုးရဝန်ထမ်းများ မထားမနေရထားရှိသည့် အသက်အာမခံ
(ခ) နိုင်ငံတော်ပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်လုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီး မြှပ်နှံမှု ဥပဒေ အရ ထူထောင်သော လုပ်ငန်းများ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်း နိုင်သော ပစ္စည်းများအတွက် အထွေထွေ နစ်နာဆုံးရှုံးမှု ပေးလျော်ရန် အာမခံ (General Liability Insurance)
(ဂ) ချေးငွေရယူရန်ရည်ရွယ်ချက်ဖြင့် ဘဏ်သို့အပေါင်ပြုထားသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် အထွေထွေအာမခံများ [ချေးငွေအာမခံ (Credit Guarantee Insurance) ၊ သမာဓိအာမခံ (Fidelity Insurance) ၊ငွေပို့ငွေသယ်အာမခံ (Cash in Transit Insurance) ၊ ငွေသားလုံခြုံမှု အာမခံ (Cash in Safe Insurance)]
၅
အလိုအလျောက်ရပ်စဲခြင်း
၁၄။ ကိုယ်စားလှယ်သည် မိမိကိုင်ဆောင်ထားသည့် ကိုယ်စားလှယ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံး သည်နှင့် ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက် ရပ်စဲပြီးဟု မှတ်ယူရမည်။
၁၅။ ကိုယ်စားလှယ်သည် မိမိကိုင်ဆောင်ထားသည့် ကိုယ်စားလှယ် မှတ်ပုံတင်သက်တမ်းအတွင်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းကြောင့် တရားရုံးတော်မှ အပြစ်ပေးခံရလျှင် အပြစ်ဒဏ် ကျခံရ သည့်နေ့မှ စတင်၍ ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက်ရပ်စဲပြီး ဖြစ်သည့်အပြင် ဤပြဌာန်းချက် သည် အပြစ်ဒဏ်ကျခံရသည့်နေ့ မတိုင်မီက ကိုယ်စားလှယ် လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။
ကိုယ်စားလှယ်အဖြစ်မှရပ်စဲခြင်း
၁၆။ ကိုယ်စားလှယ်သည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်နှင့်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲမည်။ ကိုယ်စားလှယ်အဖြစ်မှ ယာယီရပ်စဲရေး (သို့မဟုတ်) ရာသက်ပန်ရပ်စဲရေးကို အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က အတည်ပြုဆုံးဖြတ်နိုင်သည်။
(က ) အာမခံထားသူကိုထိခိုက်နစ်နာစေခြင်း
(ခ) အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ချမှတ်ထားသော စည်းကမ်း၊ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာမှုမရှိခြင်း
(ဂ ) အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏တားမြစ်ချက်တစ်ရပ်ရပ်ကိုချိုးဖောက်ခြင်း
(ဃ) တရားရုံးမှပြစ်ဒဏ်ချမှတ်ခံရခြင်း
(င) အကျင့်စာရိတ္တပျက်ပြားခြင်း။
လွှဲပြောင်းခြင်း
၁၇။ ကိုယ်စားလှယ် ဆောင်ရွက်ရမည့် အာမခံလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝကို ကိုယ်စားလှယ် ကိုယ်စား အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းဆောင်ရွက်စေခြင်းမပြုရ။
၁၈။ ကိုယ်စားလှယ် သေဆုံးလျှင် ရရန်ရှိကော်မရှင်များကို မည်သူ့အား လွှဲပြောင်းပေးအပ်မည်ကို လွှဲအပ်စာ ကြိုတင်ရေးသား တင်ပြထားနိုင်သည်။ သို့မဟုတ်ပါက ရရန်ရှိ ကော်မရှင်များကို ကိုယ်စားလှယ်၏ တရားဝင် အမွေဆက်ခံခွင့်ရှိသူသို့ ထုတ်ပေးမည်။
ကိုယ်စားလှယ်များရှောင်ကြဉ်ရန်အချက်များ
၁၉။ ကိုယ်စားလှယ်များသည်အောက်ပါတို့ကိုရှောင်ကြဉ်ရမည်-
(က) အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးထားသော အာမခံအလုပ် လက်ခံ ကိုယ်စားလှယ် လိုင်စင်မရှိဘဲ အာမခံကိုယ်စားလှယ်မှ အာမခံအလုပ်လက်ခံသူ ကိုယ်စားငွေ လက်ခံခြင်း
၆
(ခ) အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ခံစားခွင့်ပြုထားသော ကော်မရှင်များကို အခြား ပုဂ္ဂိုလ်များနှင့် ခွဲဝေခံစားခြင်း
(ဂ) အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ အာမခံပေါ်လစီတွင် ဖော်ပြပါရှိသော အခွင့်အရေးနှင့် စည်းကမ်းချက်များကို အဓိပ္ပါယ်လွဲမှားအောင်ဟောပြောစည်းရုံးခြင်း
(ဃ) အာမခံအလုပ်လက်ခံသူ၏ရုံးတံဆိပ်၊ ပုံစံများကိုကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း
(င) အာမခံထားရှိရေး စည်းရုံးရာတွင် လည်းကောင်း၊ ဆုံးရှုံးမှုပေါ်ပေါက်ရာတွင်ပင် တောင်းခံငွေ အမြန်ရရှိရေး ကူညီဆောင်ရွက်ပေးရာတွင်လည်းကောင်း အာမခံထား သူထံမှ ငွေကြေးတောင်းခံခြင်း။
အာမခံကိုယ်စားလှယ်မှတ်ပုံတင်အသစ်လျှောက်ထားရန်နှင့်သက်တမ်းတိုးရန်စည်းကမ်းချက်များ
(၁) မူလထုတ်ပေးခဲ့သည့်ကိုယ်စားလှယ်အစမ်းခန့်အပ်လွှာကတ်ပြားနှင့်မှတ်ပုံတင်ကတ်ပြား ကိုပြန်လည်အပ်နှံရမည်။
(၂) အာမခံကိုယ်စားလှယ်မှတ်ပုံတင်အသစ်လျှောက်လွှာဖြည့်စွက်တင်ပြရမည်။
(လိုင်စင်ဓါတ်ပုံ-၂ပုံနှင့်တကွ)
(၃) တစ်နှစ်အတွင်း လုပ်ငန်းမရရှိသည့် ကိုယ်စားလှယ်များ မှတ်ပုံတင်အသစ် သက်တမ်း အတွင်း လုပ်ငန်းရရှိအောင်ဆောင်ရွက်မည့်ဝန်ခံချက်ပူးတွဲတင်ပြရမည်။
(၄) စာရွက်စာတမ်းကြေးကိုသတ်မှတ်သည့်အတိုင်းပေးသွင်းရမည်။
(၅) အာမခံကိုယ်စားလှယ် မှတ်ပုံတင်သက်တမ်းသည် (၁၂) လဖြစ်၍ မှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီအနည်းဆုံး (၂) လကြိုတင်၍သက်တမ်းတိုးဆောင်ရွက်ရမည်