31
Mar

သိကောင်းစရာများ

အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်းသိကောင်းစရာများ

၁။ မြန်မာနိုင်ငံတွင် လက်ရှိ လူဦးရေသန်း ၆၀ ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းသည် ကျေးလက် ဒေသတွင်နေထိုင်ကြပြီး အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပါသည်။ ယင်ကျေးလက်နေ ပြည်သူများအား စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုများကိုလည်း အထိုက်အလျောက် လျှော့ချသွားနိုင်မည် ဖြစ်ပါသည်။

၂။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုကော်မတီ အား ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်း၍ လုပ်ငန်း (၈) ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်ခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်း(၈)ရပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် လုပ်ငန်းကော်မတီများ နှင့်ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် ဒုတိယသမ္မတ (၂) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီအား ဖွဲ့စည်းခဲ့ ပါသည်။ လုပ်ငန်းစဉ်(၈) ရပ်အနက် အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းမှာ တစ်ရပ်အပါအဝင်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ကို ဇူလိုင်လ ၇ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသော အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ၊ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ ပါသည်။ ဥပဒေနှင့်အညီ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဘဏ္ဍာရေးနှင့်အခွန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်​သော အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၁၂) ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်၍ ကျေးလက်နေ ပြည်သူများ လိုအပ်လျက်ရှိသော ငွေကြေးအရင်းအနှီးများ ဖော်ဆောင်ပေးမည့် အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ မကြာမီ ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တော့မည် ဖြစ်ပါသည်။

၃။ အသေးစာငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုသောအဖွဲ့အစည်းများ၊ အသေးစားချေးငွေရယူ လိုသောအခြေခံလူတန်းစား၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ သိသင့်သိထိုက်သောအချက်များကို ဂဃနဏ သိရှိနိုင်စေရန် စုစည်းဖော်ပြလိုက်ပါသည်။

သိသင့်သိထိုက်သောအချက်များ


မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုတာ ဘာကိုဆိုလိုပါသလဲ။


ဖြေ


အခြေခံလူတန်းစားအား အသေးစားချေးငွေထုတ်ပေးခြင်း၊ ယင်းတို့ထံမှ အပ်ငွေ လက်ခံခြင်း။




မေး


အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းဆိုတာ ဘာပါလဲ။


 


ဖြေ


အခြေခံလူတန်းစား၏ ဆင်းရဲမှုလျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားစေရန် မတည်ငွေ၊ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများ ထည့်ဝင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရယူ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်သည့် သက်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများကို ဆိုလိုပါတယ်။


 



မေး


အသေးစားချေးငွေဆိုတာ ဘာကိုဆိုလိုပါသလဲ။


 


ဖြေ


အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားရေး ဘဝ တိုးတက်မြင့်မားရန် အာမခံပစ္စည်း ( အပေါင်ပစ္စည်း) တင်သွင်းရန် မလိုဘဲ ထုတ်ချေးသည် ငွေကို ဆိုလိုပါတယ်။


 



မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ဘယ်လို ဆောင်ရွက်ရပါမလဲ။


 


ဖြေ


မိမိဆောင်ရွက်လိုသည့် နယ်မြေဒေသအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့တွင် ဖွဲ့စည်းထားသည့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီများနှင့်သော် လည်းကောင်း  ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။


 



မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် မည်သို့လျှောက်ထားရပါမလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများသည် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ အမ်အက်ဖ်အိုင်(စ်) - ၀၁ နှင့်အတူ ဖြစ်နိုင်ခြေလေ့လာချက် ၊ (၃) နှစ်စာ Business Plan ၊ မတည်ငွေရင်း အား အစုရှယ်ယာရှင်များမှ   ထည့်ဝင်ခြင်းဖြစ်ပါက   ဝင်ငွေရလုပ်ငန်း  ဖော်ပြချက် ၊