15
May

သိကောင်းစရာများ

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားရာတွင် ပြည့်စုံစွာ စိစစ်တင်ပြရမည့်အချက်များ”

၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုတည်းအတွင်းသာ ဖြစ်ပါက သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊တိုင်းဒေသကြီးနှင့် ပြည်နယ် ရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီမှ တစ်ဆင့် လျှောက်ထားရမည်။

၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုတည်းသာ မဟုတ်ဘဲ တစ်ခုထက်ပို၍ လုပ်ကိုင်လိုပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသို့ တိုက်ရိုက် လျှောက် ထားရမည်။ထိုသို့ လျှောက်ထားရာတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့နှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီများ၏ စိစစ် ခွင့်ပြုချက်များ ပူးတွဲပါရှိရန် လိုအပ်ပါသည်။

 

၃။ INGO ၊ NGO အဖွဲ့အစည်းများသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။

၄။ သမဝါယအဖွဲ့အစည်းများသည် သမဝါယမဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။

၅။ ပြည်တွင်း ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနတွင် မှတ်ပုံတင်ရမည်။

၆။ NGO များအတွက် NGO အဖွဲ့အစည်း ဖွဲ့စည်း မှတ်ပုံတင်ခွင့် တင်ပြစာ အထောက်အထား

ဖြင့်လိုင်စင်လျှောက်ထားခွင့်ရှိသည်။

၇။ ပြည်ပ ကုမ္ပဏီများအား အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီ

မှတ်ပုံတင်စဉ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားရန် လိုအပ်ပါသည်။

သက်ဆိုင်ရာ ကော်မတီမှ ခိုင်မာသော အထောက်အထား ၊ စာရွက်စာတမ်းများ ငွေရေးကြေးရေး

ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသို့ ပေးပို့ရပါမည်။ ဤ ဌာနမှ လိုအပ်သည်များ လေ့လာ စုံစမ်း၍

ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြပါသည်။

၈။ INGO များအတွက် ဖွဲ့စည်း မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားခွင့်ရှိသည်။

၉။ မတည်ငွေရင်းပြည့်မီခြင်းမရှိသော သမဝါယမအသင်းများအား အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခွင့်ပြုထားပါသည်။

၁၀။ ၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၊ ငကစ/ကက-၆ (၉၆/၂၀၁၃) ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသော အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားပါက ပြင်ဆင် ဖြည့်စွက်ထားသော လိုင်စင်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန်။

၁၁။ အဖွဲ့အစည်းတာဝန်ခံ အကြီးအကဲ၏ လုပ်ငန်းအတွေ့အကြုံ ပြည့်စုံစွာဖော်ပြရန်။

 

 

၁၂။ ပူးတွဲ တင်ပြရမည့် လုပ်ငန်းစီမံချက် Business Plan သုံးနှစ်စာအတွက် ၂၂-၈-၂၀၁၃ ရက်စွဲပါ စာအမှတ် ၊ ငကစ/ကက-၆(၁၉၃/၂၀၁၃) ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အတိုင်း ပြုစု တင်ပြရန်။

၁၃။ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေအတွက် ရရှိသည့် ငွေကြေး အရင်းအမြစ်နှင့် ပတ်သက်၍ ရှင်းလင်း စွာ ဖော်ပြရန်။

၁၄။ ပြည်တွင်းမှ လုပ်ငန်းဆောင်ရွက်ဆဲ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ လျှောက်ထားပါက လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် ကာလအထိ စာရင်းစစ် စစ်ဆေး အတည် ပြုပြီးသော အစမ်းရှင်းတမ်း ၊ အရှုံးအမြတ်ရှင်းတမ်း ၊ လက်ကျန်ရှင်းတမ်းများအရ မတည် ရင်းနှီးငွေကို ဖော်ပြပေးရန်။

၁၅။ ပြည်ပကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားပါက အထက်ပါ အပိုဒ်(၁) ၊ (၂) ၊ (၃)၊ (၄) အချက်များ အပါအဝင် မိခင်ကုမ္ပဏီ ရှိပါက မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်း ကုမ္ပဏီခွဲ တည်ထောင်ရန်အတွက် သဘောတူညီကြောင်း အစည်းအဝေးဆုံးဖြတ်ချက် Annual Report၊ Financial Statement ပူးတွဲ တင်ပြရန်ဖြစ်ပါသည်။ မတည်ရင်းနှီးငွေအတွက် နိုင်ငံခြားဘဏ်မှ မြန်မာနိုင်ငံ ဘဏ်သို့ ငွေလွှဲပြောင်းသည့် အထောက်အထား တရားဝင် မြန်မာ ကျပ်ငွေ ပြောင်းလဲသည့် အထောက်အထား အပြည့်အစုံ ပူးတွဲတင်ပြရန်။

၁၆။ အသင်းအဖွဲ့မှတ်ပုံတင်ရရှိပြီးသော INGO NGO အဖွဲ့အစည်းများမှ အသေးစား ငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားပါက ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိ ထားသည့် လုပ်ငန်းစဉ် ရည်ရွယ်ချက်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း ခွင့်ပြုချက်ပါရှိ ရမည်။ နားလည်မှုစာချွန်လွှာ MoU ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားသော INGO များအနေဖြင့် နားလည်မှု စာချွန်လွှာ MoU ချုပ်ဆိုထားသော ဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုထား သည့် လုပ်ငန်းစဉ် ရည်ရွယ်ချက်တွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့် သဘောတူညီချက် ပါရှိရမည် ဖြစ်ပါသည်။

[/vc_column_text][/vc_column][/vc_row]

မှတ်ပုံတင်ခြင်းနှင့်လျှောက်ထားခြင်းနည်းလမ်း

မှတ်ပုံတင်ခြင်းနှင့်လျှောက်ထားခြင်းနည်းလမ်း

(က) လိုင်စင် လျှောက်ထားခြင်းမပြုမီ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဦးစွာ ဆောင်ရွက် ရမည်။

(ခ ) INGO ၊ NGO အဖွဲ့အစည်းကဲ့သို့ အကျိုးအမြတ် ရယူခြင်း မရှိသော Non Profit Taking Organization အဖွဲ့အစည်းများသည် ပြည်ထဲရေး၀န်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် NGO အဖွဲ့အစည်းဖြစ်ပါက မှတ်ပုံတင်ခွင့် လျှောက် ထားရမည်။INGO အဖွဲ့အစည်းများဖြစ်ပါက ဖွဲ့စည်းမှတ်ပုံတင်ခွင့် လျှောက်ထားရမည်။

(ဂ ) အကျိုးအမြတ်ရယူသောProfit Taking Organization သမ၀ါယမ အဖွဲ့အစည်းများသည် သမဝါယမ ၀န်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။

(ဃ) အကျိုးအမြတ်ရယူသော Profit Taking O rganization ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

(င ) NGO များအတွက် NGO အဖွဲ့အစည်း ဖွဲ့စည်းမှတ်ပုံတင်ခွင့် လျှောက်ထားစဉ် လျှောက် ထားသည့် တင်ပြစာ အထောက်အထားဖြင့် လိုင်စင် လျှောက်ထားနိုင်ခွင့်ရှိကြောင်း ဖြေလျော့ ခွင့်ပြုထားပါသည်။

လိုင်စင်လျှောက်ထားရာတွင်တင်ပြရမည့်အထောက်အထားများ

(က) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်လွှာ MFI 01 ပုံစံ၊

(ခ ) ဖြစ်နိုင်ခြေလေ့လာချက်၊

(ဂ ) ပြည်ပတွင် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ပါက ပင်မအဖွဲ့အစည်းမှ မြန်မာနိုင်ငံ အတွင်း MF လုပ်ဆောင်ရန် ခွင့်ပြုချက်၊

(ဃ) ပြည်ပမှ မတည်ရင်းနှီးငွေများ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်မှုလမ်းကြောင်း၏ အထောက် အထား ၊

(င ) မြန်မာနိုင်ငံသုံး ကျပ်ငွေဖြင့်လဲလှယ်သည့်အထောက်အထားနှင့် Show Money တင်သွင်းမှု လမ်းကြောင်း၏ အထောက်အထား ၊

(စ ) သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အသေးစားငွေရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ဒေသတွင်း MFလုပ်ကိုင်ရန်ထောက်ခံချက်၊

(ဆ) လုပ်ကိုင်လိုသည့် အဖွဲ့အစည်း၏ သင်းဖွဲ့စည်းမျဉ်း သင်းဖွဲ့မှတ်တမ်း။

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းလုပ်ငန်းစဉ်များ

MFIS01

Business Plan

သိကောင်းစရာများ

အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်းသိကောင်းစရာများ

၁။ မြန်မာနိုင်ငံတွင် လက်ရှိ လူဦးရေသန်း ၆၀ ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းသည် ကျေးလက် ဒေသတွင်နေထိုင်ကြပြီး အများစုမှာ တောင်သူလယ်သမားများဖြစ်ကြပါသည်။ ယင်ကျေးလက်နေ ပြည်သူများအား စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုများကိုလည်း အထိုက်အလျောက် လျှော့ချသွားနိုင်မည် ဖြစ်ပါသည်။

၂။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဗဟိုကော်မတီ အား ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်း၍ လုပ်ငန်း (၈) ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်ခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်း(၈)ရပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် လုပ်ငန်းကော်မတီများ နှင့်ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် ဒုတိယသမ္မတ (၂) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီအား ဖွဲ့စည်းခဲ့ ပါသည်။ လုပ်ငန်းစဉ်(၈) ရပ်အနက် အသေးစားပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းမှာ တစ်ရပ်အပါအဝင်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ကို ဇူလိုင်လ ၇ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသော အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ၊ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ ပါသည်။ ဥပဒေနှင့်အညီ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဘဏ္ဍာရေးနှင့်အခွန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်​သော အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၁၂) ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်၍ ကျေးလက်နေ ပြည်သူများ လိုအပ်လျက်ရှိသော ငွေကြေးအရင်းအနှီးများ ဖော်ဆောင်ပေးမည့် အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ မကြာမီ ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တော့မည် ဖြစ်ပါသည်။

၃။ အသေးစာငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုသောအဖွဲ့အစည်းများ၊ အသေးစားချေးငွေရယူ လိုသောအခြေခံလူတန်းစား၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ သိသင့်သိထိုက်သောအချက်များကို ဂဃနဏ သိရှိနိုင်စေရန် စုစည်းဖော်ပြလိုက်ပါသည်။

သိသင့်သိထိုက်သောအချက်များ


မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုတာ ဘာကိုဆိုလိုပါသလဲ။



ဖြေ

အခြေခံလူတန်းစားအား အသေးစားချေးငွေထုတ်ပေးခြင်း၊ ယင်းတို့ထံမှ အပ်ငွေ လက်ခံခြင်း။




မေး


အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းဆိုတာ ဘာပါလဲ။


 


ဖြေ


အခြေခံလူတန်းစား၏ ဆင်းရဲမှုလျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားစေရန် မတည်ငွေ၊ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများ ထည့်ဝင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရယူ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်သည့် သက်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများကို ဆိုလိုပါတယ်။


 



မေး


အသေးစားချေးငွေဆိုတာ ဘာကိုဆိုလိုပါသလဲ။


 


ဖြေ


အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားရေး ဘဝ တိုးတက်မြင့်မားရန် အာမခံပစ္စည်း ( အပေါင်ပစ္စည်း) တင်သွင်းရန် မလိုဘဲ ထုတ်ချေးသည် ငွေကို ဆိုလိုပါတယ်။


 



မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ဘယ်လို ဆောင်ရွက်ရပါမလဲ။


 


ဖြေ


မိမိဆောင်ရွက်လိုသည့် နယ်မြေဒေသအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့တွင် ဖွဲ့စည်းထားသည့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီများနှင့်သော် လည်းကောင်း  ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။


 



မေး


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် မည်သို့လျှောက်ထားရပါမလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများသည် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ အမ်အက်ဖ်အိုင်(စ်) - ၀၁ နှင့်အတူ ဖြစ်နိုင်ခြေလေ့လာချက် ၊ (၃) နှစ်စာ Business Plan ၊ မတည်ငွေရင်း အား အစုရှယ်ယာရှင်များမှ   ထည့်ဝင်ခြင်းဖြစ်ပါက   ဝင်ငွေရလုပ်ငန်း  ဖော်ပြချက် ၊


 


 


ဝင်ငွေအပေါ် အခွန်ဆောင်ပြီးကြောင်း အထောက်အထား ၊ ပြည်ပနိုင်ငံရှိ မိခင် ကုမ္ပဏီမှ ထည့်ဝင်ပြီးဖြစ်ပါက မိခင်ကုမ္ပဏီသည် တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်မှု အနေအထား ၊ ၎င်းမတည်ငွေရင်းအတွက် ဝင်ငွေရလမ်းကြောင်း ဖော်ပြ ချက် ၊ ၎င်းတို့ယူလာသော မတည်ငွေ အရင်းအမြစ်အား သက်ဆိုင်ရာ နိုင်ငံ၏ အခွန် စည်းကြပ်ဌာနများတွင် အခွန်ဆောင်ပြီးကြောင်း အထောက်အထား ၊ ထည့်ဝင်သည့် မတည်ငွေရင်းသည် ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း နှင့် ကင်းရှင်းကြောင်း ထောက်ခံချက် ၊ မတည်ရင်းနှီးငွေအတွက် နိုင်ငံခြားဘဏ်မှ မြန်မာနိုင်ငံဘဏ်သို့ လွှဲပြောင်းပေးသည့် အထောက်အထား ၊ တရားဝင် မြန်မာ ကျပ်ငွေ လွှဲပြောင်းသည့် အထောက်အထားများအား ပူးတွဲ တင်ပြ၍ လျှောက်ထား နိုင်ပါတယ်။ မတည်ငွေရင်းအပြည့်အဝကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း  သတ်မှတ်ထားသော မြန်မာ့စီးပွားရေး ဘဏ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ငွေစာရင်းသို့ ပေးသွင်းရပါမယ်။ အဆိုပါ ထည့်ဝင်ပြီး မတည်ငွေရင်းကို ကြီးကြပ်မှုကော်မတီက  လိုင်စင်ထုတ်ပေးမှု လုပ်ငန်းများ ပြီးစီးမှသာ ပြန်လည်ထုတ်ယူခွင့်ရှိပါတယ်။ ကြီးကြပ်မှုကော်မတီ အနေဖြင့်  လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေ လေ့လာချက်တို့ကို စိစစ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


 



မေး


လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားပြီး လိုင်စင်ရရှိရန် မည်မျှကြာပါသလဲ။


 


ဖြေ


ကြီးကြပ်မှုကော်မတီသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခြင်းကို လက်ခံ ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်


 



မေး


လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသည့်နေ့မှစ၍ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို ဘယ်နှစ်ရက်အတွင်း ပေးသွင်းရပါမလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသည့် နေ့မှစ၍ ၁၅ ရက်အတွင်း သတ်မှတ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း  သတ်မှတ် ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရပါမယ်။


 



မေး


အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသည့်နေ့မှ ဘယ်နှစ်လအတွင်း လုပ်ငန်းစတင်ရပါမလဲ။


 


 


ဖြေ


 


လိုင်စင်ရရှိသည့်နေ့မှ ၆ လ အတွင်း လုပ်ငန်းစတင်လုပ်ရမှာ ဖြစ်ပါတယ်။


 



မေး


လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရာတွင် အနည်းဆုံးထည့်ဝင်ပြီး မတည်ငွေရင်းကို မည်မျှ သတ်မှတ်ထားပါသလဲ။


 


ဖြေ


အနည်းဆုံးထည့်ဝင်ပြီး မတည်ငွေရင်းကို အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအတွက် ကျပ် သန်း ၁၀၀ ၊ အပ်ငွေလက်ခံသည့် အဖွဲ့အစည်းများအတွက် ကျပ် သန်း ၃၀၀ သတ်မှတ်ထားပါတယ်။


၁၀


မေး


အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းဆိုတာ ဘာကို ဆိုလိုပါသလဲ။


 


ဖြေ


အများပြည်သူထံမှ အပ်ငွေမဟုတ်သော အခြားနည်းဖြင့် စုစည်းရရှိသည့် ရန်ပုံငွေနှင့် အသေးစားချေးငွေ ရယူသည့်အခါတိုင်း အသင်းသားများက မဖြစ်မနေ စုဆောင်း ရသည့်စုဆောင်းငွေများ လက်ခံ၍  အသေးစားချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းကို ဆိုလိုပါတယ်။


၁၁


မေး


အပ်ငွေလက်ခံသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းဆိုတာ ဘာကို ဆိုလိုပါသလဲ။


 


ဖြေ


အများပြည်သူထံမှ အပ်ငွေမဟုတ်သော အခြားနည်းဖြင့် စုစည်းရရှိသည့် ရန်ပုံငွေနှင့် အသေးစားချေးငွေ ရယူသည့်အခါတိုင်း အသင်းသားများက မဖြစ်မနေ စုဆောင်းရသည့်  စုဆောင်းငွေအပြင် မိမိဆန္ဒအလျောက် စုဆောင်းသည့်အပ်ငွေ များဖြင့် အသေးစားချေးငွေ ထုတ်ပေးသည့် အဖွဲ့အစည်းကို ဆိုလိုပါတယ်။


 


၁၂


မေး


လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကြေးကို မည်မျှ သတ်မှတ်ထားပါသလဲ။


 


ဖြေ


လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို ကနဦးထည့်ဝင်ပြီး မတည်ငွေရင်း၏ ၀.၁ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။


 


၁၃


မေး


အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည့် သတ်မှတ် လိုင်စင်ကြေးကို လိုင်စင်ထုတ်ပေးသည့်နေ့မှ ဘယ်နှစ်ရက်အတွင်း ပေးသွင်းရပါမလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် သတ်မှတ်လိုင်စင်ကြေးကို လိုင်စင် ထုတ်ပေးသည့်နေ့မှ ၁၅ ရက်အတွင်း ပေးသွင်းရပါမယ်။


 


၁၄


မေး


နှစ်စဉ်လိုင်စင်ကြေးကို  မည်မျှ သတ်မှတ်ထားပါသလဲ။


 


ဖြေ


ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၀.၁ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို နှစ်စဉ် လိုင်စင်ကြေးအဖြစ် သတ်မှတ်ထားပါတယ်။


 


၁၅


မေး


နှစ်စဉ်လိုင်စင်ကြေးကို ဘယ်ကာလမှ ပေးသွင်းရပါမလဲ။


 


ဖြေ


နှစ်စဉ် လိုင်စင်ကြေးကို ဘဏ္ဍာရေးနှစ် ဧပြီလတွင် ပေးသွင်းရပါမယ်။


 


၁၆


မေး


လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို သက်တမ်းမည်မျှ သတ်မှတ်ထားပါသလဲ။


 


ဖြေ


လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးရာတွင် သက်တမ်းကန့်သတ်ချက်မထားရှိပါ။


၁၇


မေး


အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် မည်သည့်လုပ်ငန်းများ လုပ်ကိုင်နိုင်ပါသလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အသေးစားချေးငွေထုတ်ပေးခြင်း ၊ အပ်ငွေလက်ခံခြင်း၊ ငွေလွှဲပြောင်း ပေးပို့ခြင်း ၊ အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း ၊ ပြည်တွင်း ပြည်ပမှ ငွေချေးယူခြင်းနှင့် အခြားငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါတယ်။ ယခု လောလောဆယ်  ကြီးကြပ်မှုကော်မတီအနေဖြင့် အသေးစားချေးငွေထုတ်ပေးခြင်း၊ အပ်ငွေလက်ခံ ခြင်း၊ ပြည်တွင်း ပြည်ပမှ ငွေချေးယူခြင်း ၊ အခြားငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ခေါင်းစဉ်အောက်မှ Hire Purchase ဖြင့် ငွေကြေးဝန်ဆောင်မှု ပေးခြင်းနှင့် Mobile Payment စနစ်ဖြင့် အသေးစားချေးငွေထုတ်ပေးခြင်း ၊ အပ်ငွေများလက်ခံခြင်း ၊ ချေးငွေများ ပြန်လည်ကောက်ခံခြင်း  လုပ်ငန်းများကိုသာ ခွင့်ပြုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။


၁၈


မေး


လက်ရှိဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည်  လိုင်စင် လျှောက်ထားရန် လိုအပ်ပါသလား။


 


ဖြေ


လက်ရှိဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက လိုင်စင် လျှောက်ထားရန် လိုအပ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အား  အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ  သုံးလအတွင်း လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိရန် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ မှတစ်ဆင့်  ကြီးကြပ်မှုကော်မတီသို့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထား ရပါမယ်။


၁၉


မေး


အခြေခံလူတန်းစားများကို မည်ကဲ့သို့ ငွေချေးပါသလဲ။


 


ဖြေ


အခြေခံလူတန်းစားများကို စိတ်တူကိုယ်တူ  အချင်းချင်း ရိုင်းပင်းကူညီကြစေရန် အဖွဲ့ဖွဲ့၍  အဖွဲ့စနစ်ဖြင့် တာဝန်ယူပြီး ငွေချေးပေးပါတယ်။


၂၀


မေး


အတိုးနှုန်းကို မည်ကဲ့သို့ သတ်မှတ်ထားပါသလဲ။


 


ဖြေ


အသေးစားချေးငွေအပေါ် အတိုးနှုန်းအား ကျပ် ၁၀၀ တစ်လလျှင် ၂.၅ ကျပ်၊ တစ်နှစ် လျှင် ၃၀ ကျပ်နှုန်းထက် မများရန်။ ချေးငွေအပေါ် အတိုးနှုန်း တွက်ချက်ရာတွင် သက်ရောက်အတိုးနှုန်း (Effective Rate)ဖြင့် ကောက်ခံရန်။ အပ်ငွေအပေါ် အတိုးနှုန်းအား ကျပ် ၁၀၀ တစ်လလျှင် ၁.၂၅ ကျပ်၊ တစ်နှစ်လျှင် ၁၅ ကျပ်နှုန်းထက်


မနည်းရန် သတ်မှတ်ထားပါတယ်။


 


၂၁


မေး


အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသို့ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတည်းသာ မဟုတ်ဘဲ တစ်ခုထက်ပိုပြီး လုပ်ငန်း လုပ်ကိုင်လိုကြောင်း ၊ အသေးစားငွေရေးကြေးရေး လုပ်ကိုင်ခွင့်လိုင်စင် တိုက်ရိုက် လျှောက်ထား၍ ရပါသလား။


 


ဖြေ


နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတည်းသာ မဟုတ်ဘဲ တစ်ခုထက်ပိုပြီး လုပ်ငန်း လုပ်ကိုင်လိုကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်း  ကြီးကြပ်မှုကော်မတီသို့ တိုက်ရိုက်လျှောက်ထားလာပါက သက်ဆိုင်ရာ နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့နှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများ၏ စိစစ်ခွင့်ပြုချက်များ ပူးတွဲ ပါရှိရန် လိုအပ်ပါတယ်။


 


၂၂


မေး


ထည့်ဝင်ပြီးမတည်ငွေရင်းကို မည်သို့ပေးသွင်းရပါသလဲ။


 


ဖြေ


အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လိုသော အဖွဲ့အစည်းများသည် ထည့်ဝင်ပြီး မတည်ငွေရင်းငွေသားဖြင့် ( Show Money )  ​ပေးသွင်းရပါမည်။