12
Mar

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် ချေးငွေရရှိသည့် ချေးငွေေဈေးကွက် ပေါ်ပေါက်လာစေရန် အသိပညာဖြန့်ဝေသည့် တတိယအကြိမ် CONFERENCE ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့၌ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ အပေါ် ချေးငွေရယူနိုင်သည့်ချေးငွေဈေးကွက်ပေါ်ပေါက်လာစေရေးအတွက်  အသိပညာ ဖြန့်ဝေ သည့် တတိယအကြိမ် Conference အားSule Shangri-la Hotel ၌ ဆက်လက် ကျင်းပခဲ့ပါသည်။ Conference တွင် ပြည်တွင်းနှင့် နိုင်ငံတကာမှငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ များက ချေးငွေထုတ်ချေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေခံသဘောတရားနှင့် လက်တွေ့ လုပ်ငန်းများ၊နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများတွင် အပေါင်အဖြစ် အသုံးပြုထားသည့်ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို မှတ်ပုံတင်သည့်စနစ်၊ ဘဏ်လုပ်ငန်းကဏ္ဍတွင် ရွှေ့ပြောင်း နိုင်သောပစ္စည်းများ(ဥပမာ Receivable Finance နှင့် Inventory Finance စသည့်လုပ်ငန်းများ)နှင့် ပတ်သက်သည့် အသိပညာနှင့်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြပြီး လုပ်ငန်း နယ်ပယ် အသီးသီးမှ တက်ရောက်လာသူများက  ပါဝင်ဆွေးနွေး မေးမြန်းချက်များအပေါ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။အဆိုပါ Conference သို့ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ဥပဒေ ပညာရှင်များ၊အစိုးရအဖွဲ့အစည်းများမှ အရာထမ်းများ၊  နိုင်ငံပိုင်ဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများကူညီရေးအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ ဘဏ်မဟုတ်သောငွေရေးကြေးရေးကုမ္ပဏီများ၊ကမ္ဘာ့ဘဏ်အုပ်စု ၊အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းမှတာဝန်ရှိသူများနှင့်ဥပဒေပညာရှင်များ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှကိုယ်စားလှယ် စုစုပေါင်း (၁၅၀) ဦး ခန့် တက်ရောက်ခဲ့ကြပြီး တတိယအကြိမ်  Conference ကိုညနေ (၁၇:၀၀) နာရီ တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။