21
Dec

စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် Secured Transactions Law Working Group အဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးခြင်း

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂၄ရက် (အင်္ဂါနေ့) နေ့လည် ၁:၀၀နာရီအချိန်တွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) ၊ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် Secured Transactions Law Working Group အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နှင့် International Finance Corporation (IFC) တို့မှ ပူးပေါင်းရေးဆွဲနေသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံထား၍ငွေချေးခြင်းဆိုင်ရာ ဥပဒေ (Secured Transaction Law ) (ဆဋ္ဌမမူကြမ်း) နှင့်စပ်လျဉ်း၍ ဥပဒေမူကြမ်းတွင် ပါဝင်သည့် အကြောင်းအရာများ၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို Virtual  Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ Secured Transactions Law Working Group အဖွဲ့ဝင်များ၊ IFC မှ အကြံပေးများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။