16
Oct

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၂/၂၀၁၈)

အစည်းအဝေးကို ၂၀-၄-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)တွင်ကျင်းပပါသည်။ အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဒုတိယဝန်ကြီး)နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီး (ဥက္ကဋ္ဌ) ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ခိုင်မာစွာ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အာမခံလုပ်ငန်းကဏ္ဍရှင်သန် တိုးတက် ထွန်းကားလာစေရန်နှင့် အာမခံဝယ်ယူသူ ပြည်သူလူထုများအား မှန်ကန်သော အကာအကွယ်ပေးနိုင်ရန်အတွက်မျက်ခြေမပြတ် ကြိုးပမ်းရန်နှင့် အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က စနစ်တကျကြတ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများကို ဝင်ရောက်ခွင့် ပြုရေးအတွက် Consultant Companyငှါးရမ်းပြီး သတ်မှတ်ထားသည့်အချိန်အတွင်း ကြေငြာချက် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများကို ပြည်တွင်းစျေးကွက်အတွင် လုပ်ကိုင်ခွင့်ပြုနိုင်ရေး၊ ပြည်တွင်းအာမခံကုမ္ပဏီများ ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်မှုမရှိရေး ဆောင်ရွက်ရန်နှင့် အာမခံ လုပ်ငန်း အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်ရန်ရှိကြောင်းပြောကြားပြီးယနေ့ဆွေးနွေးမည့် အမှာစာများကို ထိထိရောက်ရောက် ဆွေးနွေး အကြံပေးကြရန် ပြောကြားပါသည်။

ထို့နောက်ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ယခင်အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအပေါ် ဆောင်ရွက် ပြီးစီးမှုများအားတင်ပြခြင်းနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးမည့်အမှာစာ(၇)ခုတို့အား ဆက်လက် တင်ပြခြင်းတွင်ပြည်ပရေကြောင်းပို့ကုန်အာမခံကို တဆင့်အာမခံလုပ်ကိုင်ခွင့်ရရှိပါက ဆောင်ရွက်ရန် အစီအစဉ်များ၊အာမခံကုမ္ပဏီများတွင် ကုမ္ပဏီအကြံပေး နိုင်ငံခြားသားများ ခန့်အပ်ပါက ၎င်းတို့၏ ကျွမ်းကျင်မှုအပိုင်း၊လုပ်ငန်းနှင့် ကိုက်ညီမှုအပိုင်းနှင့် ၎င်းတို့သည် Black List ကင်းရှင်းရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင်အာမခံလေ့ကျင့်ရေး သင်တန်းကျောင်း ထည်ထောင်ခွင့်ကိစ္စတွင် ၎င်းသင်တန်းမှ ပေးအပ်မည့်Certificate နှင့် Diploma များ၏ နိုင်ငံတကာအသိအမှတ်ပြုနိုင်မှုရှိ/ မရှိ၊ ကျွမ်းကျင်မှုရှိ/မရှိနှင့်တခြားအရေးကြီး ကိစ္စများကိုလည်း အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေး ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အာမခံ စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကိုနိုင်ငံတော်မှ အားပေးလျက်ရှိပြီး ငွေရေးကြေးရေးကဏ္ဍ ပြောင်းလဲမှု တွင် အာမခံလုပ်ငန်းအပါအဝင်အသေးစား ငွေရေးကြေးရေးလုပ်ငန်း၊ စတော့အိတ်ချိန်း ဖွံ့ဖြိုး တိုးတက်မှုကိုလည်း လုပ်ဆောင်နေပါကြောင်း၊ASEAN Finance Minister Meeting တွင် အာမခံ လုပ်ငန်း ဖြေလျော့ရန်ရှိပြီး မြန်မာနိုင်ငံ၏Insurance Liberalization ဆောင်ရွက်ရာတွင်လည်း အစည်းအဝေးတွင် ဆွေးနွေးပြီးစီးပွားရေးရာကော်မတီသို့ တင်ပြ သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များမှလည်းရဲရဲတင်းတင်း လုပ်ဆောင်ရမည့်အရာများအား လုပ်ဆောင်ကြရန် ပြောကြားပါသည်။