12
Sep

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော နိုင်ငံပိုင်ဘဏ်များပြုပြင်ပြောင်းလဲရေးလုပ်ငန်းကော်မတီနှင့် ကမ္ဘာ့ဘဏ်မစ်ရှင်အဖွဲ့တို့ ၁၂-၉-၂၀၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခြင်း

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နိုင်ငံပိုင်ဘဏ် များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ Financial Sector Development Program မှ Practice Manager for East Asia Pacific FCI group ဖြစ်သူ Ms. Irina Astrakhan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၂-၉-၂၀၁၈ ရက်နေ့ ညနေ (၁၇:၀၀) နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
၂။ အဆိုပါ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးသိန်း၊ နိုင်ငံပိုင်ဘဏ် (၄) ဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ် ဦးဇော်နိုင်နှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ နိုင်ငံပိုင်ဘဏ်များကြီးကြပ်စစ်ဆေးရေးဌာနခွဲမှ အရာထမ်း/အမှုထမ်းများနှင့် ကမ္ဘာ့ဘဏ်မစ်ရှင်အဖွဲ့ ဝင်များ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။
၃။ အစည်းအဝေးတွင် နိုင်ငံပိုင်ဘဏ်များပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်ဘဏ် များ၏ စီမံအုပ်ချုပ်မှု မူဝါဒများနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့် ကမ္ဘာ့ဘဏ်မှ Practice Manager ဖြစ်သူ Ms. Irina Astrakhan ၊ Task Team Leader များဖြစ်သည့် Ms. Nagavalli Annamalai , Head Financial Sector Specialist ၊ Ms. Sau Ngan Wong, Senior Financial Sector Specialist ၊ Ms. Smita Wagh, Financial Sector Specialist ၊ Mr. Lalit Raina, Advisor ၊ Daw Nang Htay Htay, Financial Sector Specialist နှင့် Daw Chaw Su Devi, Program Assistant တို့မှ ဝန်ကြီးဌာန၏ သဘောထားနှင့် အကြံပြုချက်များ၊ ကမ္ဘာ့ဘဏ်မှ ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ညနေ (၁၈:၃၀) နာရီတွင် အစည်းအဝေး ပြီးဆုံး ခဲ့ပါသည်။

တွေ့ဆုံမှု