18
Oct

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း မှ ကြီးမှူး၍ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သည့် အစည်းအဝေး

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း မှ ကြီးမှူး၍ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သည့် အစည်းအဝေး

မြန်မာနိုင်ငံအာမခံလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် အာမခံ လုပ်ငန်းကဏ္ဍ လွတ်လပ်ခွင့်ပြုရေး လုပ်ငန်းစဉ်တို့အပေါ် နိုင်ငံသားပိုင်အာမခံကုမ္ပဏီများနှင့် နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံးများ၏ လိုအပ်ချက်များ၊သဘောထားမှတ်ချက်များ၊ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးစေလိုသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းသွားကြရန် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနမှ ဦးဆောင်၍ ကမ္ဘာ့ဘဏ်အဖွဲ့၏ အကူအညီဖြင့် ၁၈-၁၀-၂၀၁၆ ရက်နေ့(အင်္ဂါနေ့) တွင် ၁၀:၀၀ နာရီ မှ ၁၅:၀၀နာရီ  အထိ  နိုင်ငံသားပိုင် ပြည်တွင်း ပုဂ္ဂလိကအာမခံ ကုမ္ပဏီများနှင့်လည်းကောင်း၊    ၁၉-၁၀-၂၀၁၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ၁၀:၀၀နာရီ မှ ၁၅:၀၀နာရီ အထိ နိုင်ငံခြား အာမခံ  ကိုယ်စားလှယ်ရုံးများနှင့်လည်းကောင်း  သီးခြားတွေ့ဆုံပွဲများကို Kempinski  Hotel, Nay Pyi Taw ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး