Author
webadmin
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ၁-၉-၂၀၁၄ ရက်နေ့မှ စ၍ ဦးစီးဌာန အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သော ဌာနဖြစ်ပါသည်။ ဌာန၏ လုပ်ငန်းများအနက် မူလက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်မှ အသေးစား ပုဂ္ဂလိကငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖြင့် ချေးငွေလုပ်ငန်း ဆောင်ရွက် ခြင်းအပေါ် ကြီးကြပ်ကွပ်ကဲမှုပြုလုပ်ခဲ့ပါသည်။ ဌာန၏ ပြောင်းလဲဖွဲ့စည်းမှုအရ အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်းအပြင် အာမခံလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း၊ နိုင်ငံပိုင် ဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် အောင်ဘာလေထီလုပ်ငန်းဆိုင်ရာ ကြီးကြပ် စစ်ဆေး ခြင်းစသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအပေါ်ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။